Newest Post
ခရီးသွားမှတ်တမ်း။ ။ မြန်မာပြည်အနှံ့  (၁) ညောင်ရွှေနှင့် အင်းလေး (၁)
Posted by
lovemusicbirds
|
Wednesday, 12 June 2013
Read more »
အဲဒီနေ့ တုန်းက ၁၂၀၀၀ ကားစီးပြီးအလာ လမ်းမှာထမင်းစားဖို့ ကားရပ်တာပါ။ ကားပေါ်က ဆင်းတော့ လွမ်းဆွတ်ခြင်းတွေ
နဲ့  ကောင်းကင်ကို မော့ကြည့်တဲ့အခါမှာ လလေးက သာနေတော့ လွမ်းဆွတ်မှုတွေတောင် တစ်ကိုယ်လုံးပျံ့ နှံ့ သွားသလို
ခံစားခဲ့ရပါတယ်။

လကို ကြည့်ရင်းနဲ့  ကြိုးစားပြီးတော့ ဓါတ်ပုံလေးရိုက်ယူလိုက်ပါတယ်။ (နောက်နေ့ မှ သိလိုက်တာက အဲနေ့ က လကြတ်တဲ့
နေ့ ဖြစ်တယ်။ ကံကောင်းသွားတာပေါ့ဗျာ။ သူများတွေကကြည့်ချင်လို့ စောင့်ရတဲ့အခါမှာ ကိုယ်က မသိလိုက်ပဲနဲ့  ကြည့်
ခွင့်ရခဲ့တာပေါ့လေ)

အဲလိုနဲ့  မနက်စောစော အောင်ပန်းမှ မနက်ခဏလေးနားပါတယ်။ ရန်ကုန်မှာနေတာနဲနဲ ကြာသွားလို့ လားတော့မသိပါဘူး
အောင်ပန်းက ဈေးသည်တွေစကားပြောတာ တော်တော်လေး ၀ဲပါလားလို့  သတိထားမိပါတယ်။ (ကျနော်လဲဝဲပါတယ်
မ၀ဲတဲ့သူတွေကြားမှာနေတာကြာတော့ သူများဝဲတာကို သတိထားမိတာထင်ပါရဲ့ ) နောက်ဆုံးမှာ ကားက ရွှေညောင်
လမ်းဆုံရောက်တော့ ညောင်ရွှေကိုသွားဖို့  ကားပေါ်ကနေဆင်းဖို့ ထလိုက်ပါတယ်။ ဆင်းပေါက်နားရောက်တော့ ဆိုင်
ကယ်သမားတွေက ၀ိုင်းအုံပြီးတော့ ဘယ်သွားမယ်ဆိုတာမေးကြတာပေါ့..ဆင်းဖို့ တောင်တော်တော်လေးခက်ခဲပါတယ်။
သူတို့ က မေးရုံမေးတာမဟုတ်ဘူးလေ.. ပစ္စည်းတွေကို ၀ိုင်းကူသယ်ပေး (အတင်းကိုကူသယ်တာဗျ)။ အားနာတဲ့သူဆိုရင်
ဈေးကြီးကြီးတောင်းလဲ လိုက်ဖြစ်မှာပဲပေါ့။ အဲလိုနဲ့ ညောင်ရွှေကို သုံးထောင်နဲ့ ရောက်သွားပါတယ်။ အပေါ်က လမ်းက
တော့ ညောင်ရွှေကိုသွားတဲ့လမ်းဖြစ်ပါတယ်။

ဒီပုံလေးကတော့ ညောင်ရွှေအ၀င်က မြင်တွေ့ ရတဲ့ အင်းလေးကန်ပါ။ ညောင်ရွှေမ၀င်ခင်လေးမှာ လမ်းဘေးမှာ တံတား
ရှိပါတယ်။ အဲဒီရေပေါ်တံတားပေါ်ကနေရိုက်တာပါ။ တံတားပေါ်မှာတော့ သင်္ကန်းတွေလှမ်းထားပြီး၊ ကိုရင်ရော၊ လူတွေ
ရော၊ ၀ိုင်းပြီးတော့ စကားပြောနေကြလေရဲ့ ။ ကျနော့်အတွက်ဆန်းလို့ ပါ။

ဒါကတော့ ရွှေညောင်မ၀င်ခင်ကလေးမှာတွေ့ ရမယ့် ကြိုဆိုတဲ့ဆိုင်းဘုတ်ကြီးပါ။

ဒီပုံကတော့ ဗုဒ္ဒယဉ်ကျေးမှုပြခန်းဖြစ်ပါတယ်။ အရင်တုန်းကတော့ ညောင်ရွှေဟော်ပေါ့ဗျာ။ ခုတော့ အထဲမှာ ဘုရားဆင်း
ထုတော်တွေကို ပြသထားပါတယ်။ ဟော်နဲ့ ပတ်သက်တဲ့ ပစ္စည်းတော့ ဘာမှမတွေ့ ပါဘူး။ ဟင်းလင်းပါပဲ။ တစ်ချို့ အခန်း
တွေတော့ သော့ခတ်ထားပါတယ်။ ဒါပေမယ့်လဲ ဘာမှမရှိပါဘူး။ ဟော်နန်းရှိနေသေးတာကိုပဲ ကျေးဇူးတင်ရမှာပေါ့လေ။

ကိုယ်သွားတဲ့အချိန်က ဈေးပိတ်တဲ့အချိန်နဲ့ ကြုံနေလို့  ဆိုင်းဘုတ်လေးပဲရခဲ့ပါတယ်။

ဒါကတော့ ဈေးကို ကျော်လိုက်တဲ့အချိန်မှာ တွေ့ ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ ကံကောင်းချင်တော့ ကျနော်ရောက်တဲ့အချိန်
က စာဆိုပြိုင်ပွဲနဲ့  တိုက်တိုက်ဆိုင်ဆိုင်သွားကြုံကြိုက်မိတာပါ။ ညပိုင်းမှာတော့ ဈေးတန်းကြီးတွေနဲ့  စည်စည်ကားကား
ရှိပါတယ်။

ဒါကတော့ ရောက်တုန်းသွားသောက်တဲ့ လက်ဖက်ရည်ဆိုင်က ရေနွေးကြမ်းလေးပါ။ နှမ်းတွေထည့်ထားပြီးတော့ သောက်
တဲ့အခါမှာ မွှေးမွှေးလေးနဲ့  တော်တော်လေးကို နှစ်သက်မိပါတယ်။

နောက်တစ်နေ့ မှာတော့ အင်းလေးထဲကို ခဏတစ်ဖြုတ်သွားလည်မိပါတယ်။ ကျနော်တို့ လူ ၁၀ ယောက်လောက်နဲ့  လှေ
ကိုစင်းလုံးငှားလိုက်ပါတယ်။ အဲနေ့ တုန်းက ၂၅၀၀၀ ပေးရပါတယ်။ (အဲဒါတောင် ဥက္ကဌနဲ့ သွားလို့ ရတာပါ)
အပေါ်ပုံကတော့ အင်းလေးဘေးတစ်လျှောက်တွေ့ ရမယ့် အိမ်ပုံစံလေးတွေဖြစ်ပါတယ်။

ကျနော်အရင်တုန်းက ထင်ထားတာက အင်းလေးကန်ဆိုတော့ ဘယ်သွားသွားကန်ဘောင်ကိုတော့တွေ့ ရမှာပဲပေါ့လေ။
ရောက်သွားတော့မှပဲ အင်းလေးကန်ဟာ အရမ်းကို ကျယ်ပျံ့ ပါလားလို့ သိလိုက်ပါတယ်။ အပေါ်က ဓါတ်ပုံလေးအတိုင်း
ပါပဲ။

ဒါကတော့ အင်းထဲက ဟိုတယ်ဖြစ်ပါတယ်။ တစ်ညကို ၃၀$ လောက်ပေးရပါတယ်။

ဒါကတော့ ဟိုတယ်ကနေရိုက်ထားတာပါ။ ညနေဆည်းဆာချိန်လေးပေါ့ဗျာ။ ဟိုတယ်ကရိုက်တယ်ဆိုပြီး ကြွားတာမဟုတ်
ပါဘူး။ အဲနေ့ တုန်းက ဟိုတယ်မှာ တည်းနေတဲ့ အသိတွေကိုသွားလည်တာပါခင်ဗျာ။

ဒီဓါတ်ပုံလေးကတော့ ကျနော်တော်တော်လေးကိုနှစ်သက်မိပါတယ်။ ဒီပုံလေးမရိုက်ခင်.. မိုးအုံ့ ပြီးတော့ ရွာတာပေါ့ဗျာ။
မိုးလဲသိပ်လို့  သိမ်စပြီးကင်းစင်လာတဲ့အချိန်ခါမှာ ကြုံကြိုက်တာနဲ့  ရိုက်ခဲ့တာပါ။

ဒီပုံလေးကတော့ သိမ်ကင်းစင်ပြီး နေရောင်က အင်းလေးကန်ကို သူ့ ရဲ့ ကိုယ်ပိုင်အဆင်းဖြစ်တဲ့ ရောင်ခြည်တွေနဲ့ ပတ်ဖြန်း
ပေးတဲ့အချိန်လေးပါ။ အဲနေ့ တုန်းက ဒီလိုမျိုးရှုခင်းတွေတွေ့ လိုက်ရတဲ့အတွက်အရမ်းကို ကြည်နူးနှစ်သိမ့်မိပါတယ်။ မျက်လုံး
ကိုတောင်မမှီတဲ့ ... ဓါတ်ပုံထဲမှာ ဒီလောက်လှရင်..ကိုယ်တိုင်.ကိုယ်တွေ့ .. တွေ့ ရင်ဘယ်လောက်ထိလှမယ်ဆိုတာ သူငယ်
ချင်းတို့ ပဲစဉ်းစားကြည့်ပါတော့။

ဒါလေးကတော့ နေ၀င်သွားပြီးတဲ့နောက်တွေ့ ရတဲ့ပုံလေးပါ။ ညနေစောင်းပေါ့။

အဲလိုနဲ့ ပဲ..နောက်ဆုံးတော့ ရွှေညောင်မြို့ ကို ပြန်လာခဲ့ပါတယ်။ ဒီပုံလေးကတော့ လှေရှပ်ပြေးတဲ့အခါမှာ ဖြစ်ပေါ်လာ
တဲ့ လှိုင်းလေးတွေပါ။
အင်းလေးကန်ဟာ..အရမ်းကိုလှပပါတယ်။ ကျနော်ရောက်သွားတဲ့အခါတုန်းက စိတ်ထဲမှာ ကြည်ကြည်နူးနူးကို ခံစားခဲ့ရ
ပါတယ်။ အဲ..အင်တာနက်ကလဲ..ရန်ကုန်ထက်တောင်မြန်သေးတယ်ဗျာ။
ရှမ်းကလေး

Posted by : lovemusicbirds
Date :Wednesday, 12 June 2013
Tag :
ခရီးသွားမှတ်တမ်း
မသိသူကျော်သွား-သိသူဖေါ်စား-ဘာဆော့ ဖ်ဝဲလ်မှမသုံးပဲမိမိသုံးနေတဲ့ ကွန်ပျူတာပေါ့ အောင်လုပ်နည်းတစ်ခု
Posted by
lovemusicbirds
|
Read more »

ကျွန်တော်တို့ ကွန်ပျုတာ ဖွင့်လိုက်တိုင်း Slow ဖြစ်နေတာ မကြာခဏတွေ့ရမှာပါ
Computer နှေးရတဲ့အကြောင်းလေးတွေရှိပါတယ်။
အဲ့ဒါကတော့ မလိုအပ်ပဲ စမ်းမယ်ဆိုပြီး မသုံးဖြစ်တဲ့ ဆော့ဝဲတွေနဲ့မလိုအပ် ပဲဆော့ဝဲတွေကို ကွန်ပျုတာဖွင့်လိုက်တာနဲ့
တတ်လာအောင် Auto Start on ထားလို့ပါပဲ။ဒါတွေကြောင့်Slow ဖြစ်ရတာပါ။
အရင်ဆုံးကွန်ပျုတာ Slow ဖြစ်နေတာတွေဖြေရှင်းဖို့-------- Google Talk ကနေစပါမယ်။
Google Talk မှာ Window တတ်လာတာနဲ့ Auto တတ်အောင်လုပ်ထားတာလေးကိုစဖြုတ်ပါမယ်။

Google Talk ရဲ့ Setting မှာပြောင်းလိုက်ပါ။
Start Automatically When Starting Windowsကိုတွေလုပ်မယ်အဲဒါကိုဖျက်လိုက်ပါ။
Google Talk ထဲမဟုတ်ပါဘူး VZO Chat တွေလဲ ဒါတွေထဲမဟုတ်ပါဘူး
Windowsဖွင့်တဲ့အချိန်မှာ သူ့အလိုလိုဖွင့်လာတဲ့ဟာကို အကုန်လုံးတတ်မလာအောင် Setting မှာပြောင်းလိုက်ပါ။
ပြီးသွားရင် Uninstall Program ကိုသွားပါ
ဘာဖြစ်လိုလဲဆိုတော့ မလိုလားတဲ့Software တွေ Computer မှာအရမ်းကိုများနေတယ်
အဲဒါတွေကို Uninstall လုပ်လိုက်ပါ။
ဆက်ပြီးတော့ ကွန်ပျုတာထဲမှာ များပြားလှတဲ့ အမှိုက်တွေကိုရှင်ပါ့မယ်။
အကြောင်းကတော့ Computer ကိုဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲ Computer က Virus မရှိရင်လဲ
အမှိုက်တွေအရမ်းများနေရင်တော့အရမ်းကိုနှေးနေတတ်ပါတယ်
ဒါကြောင့် အနည်းဆုံး တစ်ပတ်ကို တစ်ခါသန်ရှင်းလုပ်ပေးနေရင်တော့ အရမ်းကောင်းတယ်
ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲဆိုရင်တော့အရင်ဦးဆုံး Computer ကိုသွားပါ
ပြီးတော့ Local Diskကို Right Click လုပ်လိုက်ပါ။ပြီးတော့ Properties ကိုသွားပါ။
ပြီးတော့ အောက်ပုံမှာမြင်တဲ့အတိုင်း ပေါ်လာပါလိ့မ်မည်
ပေါ်လာရင်တော အောက်ကDisk Clean ကို Cleanပေးလိုက်ပါ။
နောက်ပြီးတော့ ဒီလိုပေါ်လာပါလိမ့်မည်။
နောက်ပြီးတော့ Clean Up System File ကို Click ပေးလိုက်ပါ။
နောက်ပြီးတော့ OK Click ပေးလိုက်ပါ။
ပြီးတော့ Delete File ဒါဆိုပြီးပြီ။
အခုဆိုရင် ကွန်ပျုတာလေးတော်တော်ပေါ့သွားတာတွေ့ရပါလိမ့်မယ်။
ကိုချင်းလေး(နည်းပညာ)ကို အထူးကျေးဇူးတင်ပါတယ်။
Rangonnewsdaily မှသတင်းနှင့် နည်းပညာများကို အကောင်းဆုံးဆက်လက်မျှဝေပေးသွားပါမယ်။
ကြိုးစားလျှက်.....................
ရှာဖွေဝေမျှခြင်း ဘလော့ဒ် မှ ကူးယူဖော်ပြသည်။
မသိသူကျော်သွား-သိသူဖေါ်စား-ဘာဆော့ ဖ်ဝဲလ်မှမသုံးပဲမိမိသုံးနေတဲ့ ကွန်ပျူတာပေါ့ အောင်လုပ်နည်းတစ်ခု
Posted by : lovemusicbirds
Date :
Tag :
blog
Cultus Lake သို့တစ်ခေါက်(အိမ့်ချမ်းမြေ့)
Posted by
lovemusicbirds
|
Read more »
နွေရာသီမရောက်သေးပေမယ့်လည်း နွေဦးရဲ့နေရောင်ခြည်နွေးနွေးလေး
ဖြာကျလာတာနဲ့ ဒီဆောင်းကို စိတ်ပျက်နေကြတဲ့ ကျမတို့ လွန်ခဲ့တဲ့ စနေနေ့က
Cultus Lake ဆိုတဲ့ရေကန်တစ်ခုမှာ နေ့လည်စာသွားစားကြတယ်။ ရာသီဥတုက
သိပ်မပူသေးပေမယ့်လည်း နွေးနွေးလေးမို့ ခရီးသွားရတာ မဆိုးလှပါဘူး။
ရေကန်ကလည်း ကျမတို့ နေတဲ့မြို့နဲ့ဆို အရှေ့ဘက်ကိုထွက်သွားရင်
ကားနဲ့တစ်နာရီလောက်ပဲမောင်းရတဲ့ chilliwack ဆိုတဲ့ မြို့အ၀င်နားမှာမို့
မနက်ကိုးနာရီလောက်မှာ စီစဉ်တဲ့ဦးလေးတစ်ယောက်အိမ်မှာလူစုပြီး စထွက်လာကြတယ်။
ပစ်ကနစ်ထွက်ဖို့ အချိန်နည်းနည်း စောနေသေးပေမယ့်လည်း အကုန်လုံးက
သွားချင်နေကြတာနဲ့ ထွက်လာကြတာပါပဲ။ လူကတော့ ဒီတစ်ခါ သိပ်မများပါဘူး။
ဆွေမျိုးတွေ အကုန်မပါဘူး။ ၁၂ယောက်ပဲ ပါတယ်။
“ငါးဖယ်သုတ်သွားကြွေးလိုက်တာ” လို့ အပြစ်ရှိတဲ့ မျက်နှာနဲ့ မျက်နှာငယ်ပြီး ဖြေလိုက်တယ်။
“ဟာ.. အဲဒီထဲမှာ ငရုတ်သီးတွေထည့်သုတ်ထားတာ၊ အစိမ်းကော အမှုန့်တွေကော” ညီမတစ်ယောက်က အကျယ်ကြီးပြောလိုက်တယ်။
“ဟဲ့.. ငန်း သေနေဦးမယ်နော်…” ဟိုဘက်စားပွဲက အဒေါ်တစ်ယောက်က စိတ်ပူပြီး လှမ်းအော်တယ်။
“သေတော့ မသေနိုင်ပါဘူး” ညီမတစ်ယောက်က အဒေါ်မကြားအောင် ခပ်တိုးတိုးပြောတယ်။
တစ်ယောက်တစ်ပေါက်ပြောနေတုန်း ငန်းကတော့ အဝေးကိုပျံထွက်သွားပြီ။
မြို့ရဲ့
အရှေ့ဘက်ကိုထွက်လာပြီး မြို့ပြင်ရောက်တာနဲ့ Concrete Jungle
တွေနဲ့ဝေးသွားတော့ တောင်ပြာတန်းတွေကို ရှင်းရှင်းလင်းလင်း
စပြီးမြင်ရတော့တာပါပဲ။ စနိုးတွေတစ်တောင်လုံးဖုံးနေတဲ့ Mt. Baker ကြီးက
ကောင်းကင်ပြာထဲကိုထိုးထွက်နေပြီး၊ ကားလမ်းရဲ့ ဘယ်နဲ့ညာဘက်မှာလည်း
လယ်ကွင်းတွေ၊ ပြောင်းခင်းတွေ၊ စိုက်ခင်းတွေ၊ မှိုစိုက်တဲ့တဲရုံတွေ၊
ပန်းခင်းတွေ၊ စားကျက်ထဲမှာ နေစာလှုံရင်း မြက်တို့ ကောက်ရိုးတို့စားနေတဲ့
ထွားထွားကြိုင်းကြိုင်း မြင်းတွေ၊ နွားတွေ နဲ့ သိပ်ကိုလှတာပါပဲ။
အောက်ကပုံကတော့ အ၀ါရောင်လွှမ်းခြုံနေတဲ့ daffodils ပန်းခင်းပါ။
လွန်ခဲ့တဲ့
အနှစ်တစ်သောင်းလောက်ကစပြီး လူနီခြောက်သောင်းလောက်ပဲရှိတဲ့ ဒီဒေသလေးကို
ဥရောပသားတွေခြေချလာရာကစပြီးနောက် သမိုင်းစာမျက်နှာပေါ်ကို Chilliwack
ဆိုတဲ့ဒီမြို့လေးရောက်ရှိလာတာပါပဲ။ ဥရောပသားတွေဆီကပါလာတဲ့ ရောဂါတွေကြောင့်
လူနီဦးရေကျသွားတယ်လို့လဲ သိရတယ်။ ၁၈၅၀ လောက်တွေမှာ ရွှေရှာတဲ့လူတွေရယ်၊
မိုင်းရှာတဲ့လူတွေရယ်နဲ့ ဒေသလေးဟာ တဖြည်းဖြည်း စည်ကားလာတော့တာပါပဲ။ အခုတော့
လူဖြူတွေ အနေပိုများတဲ့ မြို့လေးဖြစ်နေပြီပေါ့။ ဒါတောင် လူဦးရေ
ရှစ်သောင်းမပြည့်သေးပါဘူး။
ဒီမြို့လေးဟာ
ဧပြီလနဲ့မေလတွေမှာ တစ်မြို့လုံး ကိုယ်ထူကိုယ်ထစနစ်နဲ့
ရပ်ရွာသန့်ရှင်းရေးလုပ်လေ့ရှိတယ်။ မြို့လမ်းမတွေ၊ ပန်းခြံတွေ၊
ရေမြောင်းတွေ၊ အမှိုက်သရိုက်တွေကို မြို့တော်သန့်ရှင်းရေးစနစ် ရှိပေမယ့်လည်း
ကိုယ်ထူကိုယ်ထစနစ်နဲ့ သန့်ရှင်းရေးလုပ်ကြတယ်။ အထက်တန်းကျောင်းသားတွေနဲ့
လူငယ်လေးတွေကလည်း လူစုပြီး အိမ်တွေကအမှိုက်တွေကို လိုက်ကောက်ပြီး
ရံပုံငွေရှာကြတယ်။ တစ်အိမ်ကို အလှုငွေ ဒေါ်လာသုံးဆယ် သို့မဟုတ် လေးဆယ်လောက်
ကောက်လေ့ရှိကြတယ်။ ဒါကတော့ မြို့လေးရဲ့ သမိုင်းအကျဉ်းနဲ့ ချစ်စရာဓလေ့လေး
တစ်ခုပါ။
ဒီရေကန်ကို
အနည်းဆုံးတစ်နှစ်တစ်ကြိမ်လောက်တော့ ကျမတို့ရောက်တယ်။ မြို့အ၀င်ရောက်တော့
ရေကန်ဘက်မသွားခင် ကော်ဖီဆိုင်ရှေ့မှာ ခဏရပ်ကြပြီး ကော်ဖီဝယ်သောက်သူသောက်၊
အပေါ့အပါးသွားတဲ့လူသွားကြတယ်။ ကော်ဖီဆိုင်ဘေးက ရောင်စုံထီးတွေအောက်မှာလည်း
လူတွေ ကော်ဖီထိုင်သောက်နေကြတယ်။ ဆိုင်တွေနောက်က တောင်တန်းပြာတွေက
အနားမှာကပ်ပြီး ထီးထီးကြီးတွေ။ အဲဒီနားတစ်ဝိုက်က ဆိုင်တွေမှာလဲ လူတွေ၊
ကားအ၀င်အထွက်တွေနဲ့ စည်ကားနေတယ်။ အဲဒီအချိန်မှာ အမိုးပွင့်ကားနဲ့
အသက်ငါးဆယ်လောက်ရှိတဲ့ အဖြူမကြီးတစ်ယောက်က flareတွေ
glareတွေနဲ့သီချင်းအကျယ်ကြီးဖွင့်ပြီး ဂျိမ်းစဘွန်းပုံစံနဲ့
ကားကိုမောင်းဝင်လာတယ်။ ပြီးတော့ ရပ်ထားတဲ့ နောက်ထပ်
အနက်ရောင်အမိုးပွင့်ကားဘေးမှာ ၀င်ထိုးလိုက်တယ်။ ကျမတို့ မြန်မာတွေကလည်း
သိတဲ့အတိုင်းပဲ မတွေ့ရတာ နှစ်နဲ့ချီနေကြတဲ့အတိုင်း သွားစရာရှိတဲ့ ရေကန်ကို
ဆက်မထွက်သေးဘဲ၊ အဲဒီနားမှာ မတ်တပ်တွေရပ်ပြီး စကားတွေ ဖောင်ဖွဲ့နေကြချိန်မှာ
“ဂျိမ်း” ဆိုတဲ့ အသံကြီးကို ကြားလိုက်ရတော့တာပါပဲ။
အမိုးပွင့်ကားထဲက အန်တီကြီးက မျက်မှန်ကို
ဆံပင်ပေါ်ကို တင်လိုက်ပြီး စိတ်ပျက်ပျက်နဲ့ဆင်းလာတယ်။ သီချင်းသံကလဲ
တိတ်သွားပြီ။ ရောင်စုံထီးတွေအောက်မှာ ကော်ဖီသောက်နေတဲ့ ကျန်တဲ့လူတွေကလဲ
သူ့ကိုမသိမသာကြည့်နေကြတယ်။ သူက သူတိုက်လိုက်တဲ့ အနက်ရောင်အမိုးပွင့်ကားကို
ဟန်ပါပါ တစ်ပတ်ပတ်ကြည့်တယ်။ တစ်ကယ်က တစ်ပတ်ပတ်စရာမလိုပါဘူး။
သူတိုက်လိုက်တဲ့နေရာက ဘယ်ဘက်နောက်မီးလုံးနားမှာအသိသာကြီးကို၊ ပြီးတော့
ကော်ဖီသောက်နေသူတွေကို ဒီကားက ဘယ်သူ့ကားလဲ လို့လှမ်းမေးတယ်။
ကော်ဖီသောက်နေသူတွေက တစ်ညီတစ်ညာထဲ ခေါင်းခါပြကြတယ်။ အဲဒီအန်တီကြီးက
သူပွတ်ဆွဲလိုက်တဲ့ ကားကို ဟန်ပါပါနဲ့ တစ်ပတ်ပတ်ကြည့်ပြန်တယ်။ နောက်တော့
ဘာဆက်ဖြစ်လဲမသိဘူး။ ကျမတို့လည်း နေသိပ်မြင့်မှာစိုးလို့ ရေကန်ဘက်ကို
ထွက်လာခဲ့တယ်။
ရေကန်ဘက်ရောက်တော့ ကန်ကြီးက
အကြီးကြီးဆိုတော့ သောင်ပြင်တွေကလည်း အများကြီးပဲ။ ကန်ပတ်လမ်းတလျှောက်
မောင်းလာတုန်း ဖုန်းကမြည်လာတယ်။ ပစ်ကနစ်ထွက်ဖို့ကို စီစဉ်တဲ့
ဦးလေးကလွဲပြီး အကုန်လုံး ကန်နားရောက်နေပြီ။ ဦးဆောင်တဲ့ ဦးလေးက
သူကိုယ်တိုင် မြေပုံတွေပရင့်ထုတ်၊ ဆဲလ်ဖုန်းနံပါတ်တွေ
အစဉ်လိုက်ရေးထားပေးပြီးတော့ ကျန်သူတွေက ကန်နားရောက်နေပြီး သူတစ်ယောက်ထဲ
တောလမ်းထဲရောက်နေလို့တဲ့။ သူလဲ ရောက်ဖူးသားနဲ့ ရေကန်ကိုရောက်မလာဘဲ
တောထဲဘယ်လိုရောက်သွားလဲ မသိ။
ဒါနဲ့ ရေကန်နားက water park မှာ
စောင့်နေမယ်လို့မှာပြီး အားလုံးသူ့ကို စောင့်နေကြတာပေါ့။
၁၀မိနစ်လောက်နေတော့ water park နားကို ဦးလေးရောက်လာတယ်။ ဒါနဲ့ main
beachက မြက်ခင်းပြင်ဘက်ကို ဆက်ထွက်လာကြတယ်။ main beach ရောက်တော့ picnic
table တွေမှာ ကားပေါ်က စားစရာတွေ၊ မီးဖိုတွေ၊ အခင်းတွေ စတဲ့ပစ္စည်းတွေချပြီး
စားဖို့သောက်ဖို့ပြင်ကြတယ်။ တစ်ယောက်မှ ပတ်ဝန်းကျင်အလှကို
ကြည့်မနေနိုင်ကြတော့ဘူး။ စကားလဲမပြောနိုင်ကြတော့ဘူး။ တက်ညီလက်ညီနဲ့
အိမ်ကချက်လာတာတွေ၊ အိုးတွေ၊ မီးဖိုတွေ ချသူချ၊ မြက်ခင်းပေါ်မှာ
အခင်းတွေခင်းသူခင်းနဲ့ အလုပ်ရှုပ်နေကြတယ်။
ပါလာတဲ့ စားစရာတွေကတော့
ခေါက်ဆွဲကြော်နှစ်မျိုး၊ ကြာဇံကြော်၊ ငါးဖယ်သုတ်၊ အာလူးနဲ့အမဲနှပ်၊
ပဲထမင်းပေါင်း၊ ငါးပိထောင်း၊ ကော်ဖီ၊ လက်ဘက်ရည်၊ ရေနွေးကြမ်း
စသဖြင့်စုံလို့ပါပဲ။ ရောက်တာနဲ့ ပါလာတဲ့ မီးဖိုကိုဖိုပြီး ဟင်းတွေ ထမင်းတွေ
နွှေးပြီး အနားက စားပွဲလေးတွေမှာ စုပြီး စစားကြတော့တာပါပဲ။ ခပ်လှမ်းလှမ်း
မြက်ခင်းပြင်ပေါ်မှာလဲ နေပူစာလှုံရင်း စာဖတ်နေသူတွေ၊ ကမ်းစပ်မှာ
ထိုင်ပြီးစကားပြောနေတဲ့ သူတွေ၊ ရေထဲမှာ သွားနေတဲ့ မော်တော်ဘုတ်လေး
တစ်စင်းနှစ်စင်းနဲ့ နွေရာသီခေါင်ခေါင်မှာလို ခြေချစရာနေရာမရှိလောက်အောင်
မစည်ကားသေးပေမယ့် သူ့အထွာနဲ့သူ စည်ကားနေပါတယ်။ အဲဒီအချိန်မှာ ကျမတို့
စားနေတဲ့ စားပွဲနားကို ငန်းတစ်ကောင်က မယောင်မလည်ရောက်လာတယ်။
အဲဒီအချိန်မှာ ကျမညီမလေးက တိရိစ္ဆာန်တွေကို သဘာဝအတိုင်းထားရတယ်ဆိုတာသိပေမယ့် ခေါက်ဆွဲနည်းနည်းပစ်ကြွေးလိုက်တယ်။
“သွားမကြွေးနဲ့လေ၊ လုံခြုံရေးတွေလာရင် ပြောနေမယ်” ကျမ ပြောလိုက်တယ်။
“ရပါတယ်.. ဆာနေရှာတယ်ထင်တယ်”
“သွားမကြွေးနဲ့လေ၊ လုံခြုံရေးတွေလာရင် ပြောနေမယ်” ကျမ ပြောလိုက်တယ်။
“ရပါတယ်.. ဆာနေရှာတယ်ထင်တယ်”
ငန်းကလဲ ညီမလေးကြွေးတဲ့ ခေါက်ဆွဲကို
မြိန်လျှက်စွာ စားနေတာနဲ့ ပန်းကန်ထဲက ငပိထောင်းနဲနဲပေနေတဲ့ ခေါက်ဆွဲကို
ကျမထပ်ကြွေးလိုက်တယ်။ ငန်းက အခြေအနေကောင်းနေတုန်းပဲ။ အေးအေးဆေးဆေးပဲ
စားတယ်။ ညီအစ်မတွေ အစပ်စားနေတဲ့ ငန်းကိုကြည့်ပြီး သဘောကျနေတာပေါ့။
“ဒီမှာ ကနေဒီယန်ငန်း ဗမာငပိနဲ့ခေါက်ဆွဲစားနေတာ လာကြည့်ကြ”
အစ်မတစ်ယောက်က ဟိုဘက်ဝိုင်းက လူတွေကို
လှမ်းအော်လိုက်တယ်။ ငန်းက တော်တော်စားပြီး ဗိုက်လေးသွားပုံနဲ့
ခဏထိုင်နေတယ်။ ဒါနဲ့ ကျမလဲ ကင်မရာယူပြီး ရိုက်ထားလိုက်တယ်။ ခဏနေတော့
အဲဒီငန်းက အနားကပ်လာပြန်ရော။ အစ်မက သူ့ပန်းကန်ထဲက စားစရာတစ်ခုကို
ပစ်ကြွေးလိုက်တယ်။ ငန်းက ကောက်စားလိုက်တယ်။ ပြီးတော့ နည်းနည်း
ဂနာမငြိမ်ဖြစ်လာတယ်။ ပြီးတော့ အနားက မြက်တွေကို သူ့နှုတ်သီးနဲ့ ဆွဲနှုတ်ပြီး
စားနေတယ်။ ပြီးလဲပြီးရော အကျယ်ကြီးအော်ပြီး ပျံပြေးသွားတယ်။ အော်တာမှ
တော်တော်လေး ကျယ်ကျယ်လောင်လောင်ကို အော်ပြီး ပျံပြေးသွားတော့တာပါပဲ။
“ဘာသွားကြွေးလိုက်လဲ” လို့ ကျမတို့လဲ အမကို မေးလိုက်တယ်။“ငါးဖယ်သုတ်သွားကြွေးလိုက်တာ” လို့ အပြစ်ရှိတဲ့ မျက်နှာနဲ့ မျက်နှာငယ်ပြီး ဖြေလိုက်တယ်။
“ဟာ.. အဲဒီထဲမှာ ငရုတ်သီးတွေထည့်သုတ်ထားတာ၊ အစိမ်းကော အမှုန့်တွေကော” ညီမတစ်ယောက်က အကျယ်ကြီးပြောလိုက်တယ်။
“အဟီး.. တစ်ကယ်တော့ ကနေဒီယန်ငန်း
ငါးပိစားနိုင်တော့ ငါးဖယ်သုတ်ငရုတ်သီးစပ်စပ်လည်း ကြိုက်မလား
မြည်းခိုင်းလိုက်တာ” ကြွေးလိုက်တဲ့ အမက ရယ်ကျဲကျဲနဲ့ ပြောတယ်။
“ငန်း တစ်ခုခုဖြစ်သွားဦးမယ်” ထုံးစံအတိုင်း ကျမက စိတ်ပူပြီးပြောလိုက်တယ်။“ဟဲ့.. ငန်း သေနေဦးမယ်နော်…” ဟိုဘက်စားပွဲက အဒေါ်တစ်ယောက်က စိတ်ပူပြီး လှမ်းအော်တယ်။
“သေတော့ မသေနိုင်ပါဘူး” ညီမတစ်ယောက်က အဒေါ်မကြားအောင် ခပ်တိုးတိုးပြောတယ်။
တစ်ယောက်တစ်ပေါက်ပြောနေတုန်း ငန်းကတော့ အဝေးကိုပျံထွက်သွားပြီ။
ကျမတို့လည်း စားပြီးလို့ဗိုက်လေးပြီး
အခင်းခင်းထားတဲ့ အပေါ်မှာ ပက်လက်လှန်ပြီး ကောင်းကင်ပြာကြီးကို
ကြည့်နေတာပေါ့၊ ယောင်္ကျားလေးအုပ်စုကတော့ စွန်လွှတ်နေကြတယ်။ သူတို့စွန်ကို
အနားက လူဖြူတွေက သဘောကျနေကြတယ်။ ခဏနေတော့ ကြက်တောင်ရိုက်သူရိုက်၊
စွန်လွှတ်သူလွှတ်၊ နယ်မြေလေ့လာရေးထွက်သူထွက်နဲ့ ကိုယ့်ဟာနဲ့ကိုယ်
အလုပ်ရှုပ်နေကြတော့တယ်။ အဲဒီနေ့က အဖေနဲ့သမီးတွေက ဘောလုံးကန်ပြီး၊
အမေနဲ့သားတွေက စွန်လွှတ်ကြသေးတယ်။ ရေကူးဝတ်စုံတွေ လိုလိုမယ်မယ်ယူလာကြပေမယ့်
ရေကတော့ ကူးလို့မရသေးဘူး။ အေးနေတုန်းပဲ။ လူကြီးဝိုင်းကတော့ ဗူးသီးကြော်၊
ဗယာကြော်၊ ကြက်သွန်ကြော်ရယ် ရေနွေးကြမ်းရယ်နဲ့ အဆင်ပြေနေကြတယ်။
ညနေ လေးနာရီလောက်ကျတော့ ပြန်ဖို့ ပစ္စည်းတွေ
သိမ်းကြတယ်။ အလာတုန်းက ဗိုက်ဆာဆာနဲ့ ပစ္စည်းတွေချတာ ၁၀မိနစ်တောင် မကြာတာ၊
အပြန်ပစ္စည်းသိမ်းတာကြတော့ လူတွေက မလှုပ်ချင်လှုပ်ချင်နဲ့
အမှိုက်တွေတစ်စမကျန်အောင်ကောက်၊ ကားတွေထဲ ပစ္စည်းပြန်ထည့်တာ နာရီဝက်မက
ကြာနေကြတယ်။ ဒီလိုနဲ့ ညနေ လေးနာရီခွဲလောက်မှာ ရေကန်ကြီးကနေ အိမ်ကို
ကျမတို့ပြန်ခဲ့ကြပါတယ်။
ထုက္ကန့်သိမ် ( ခရီသွား ဓါတ်ပုံဆောင်းပါး)
Posted by
lovemusicbirds
|
Read more »
ထုက္ကန့်သိမ်တော်ကြီး ဟာ ရခိုင်ပြည်နယ် မြောက်ဦး မြို့မှာတည်ရှိပါတယ်။ ရခိုင်ဘုရင် မင်းဖလောင်း က AD 1571 မှာ ခရုပတ်ပုံတည်ခဲ့ပါတယ်။ သိမ်တော်ကြီးကို
တောင်ကမူပေါ်မှာတည်ထား လို့ တစ်ခုတည်းသောဝင်ပေါက် ဆီကို အုတ်လှေကား အရှည်ကြီးကနေ တက်ရပါတယ်။သိမ်တော်ကြီးမှာ တောင် မြောက် ၁၁၀ ပေ
အရှေ့ နောက် ၁၃၇ ပေရှည်ပါတယ်။ အလယ်စေတီမှာ ပုံမှာမြင်ရတဲ့အတိုင်း သပိတ်မှောက်ပေါ်မှာ ကုဗပုံဓါတ်တော်တိုက် ဆင့်ထားပါတယ်။ အလယ်စေတီကြီးရဲ့
အရပ်လေးမျက်နှာမှာ စေတီတစ်ဆူစီရံထားပါတယ်။ သိမ်ရဲ့အနောက်ဖက်မှာတော့ ဥပုဒ်ဆောင် ဆောက်ထားပြီး အဲဒီကမှတဆင့် သိမ်အမိုးပေါ်ကိုတက်လို့ရပါတယ်။
ပင်မသိမ် မှာခရုပတ် လို ရစ်ပြီးတက်ရတဲ့ လမ်းနှစ်ခုရှိပါတယ် ၊ အဲ့ဒိ ပတ်လမ်းနံရံ တလျှောက်မှာတော့ ဂူကျောင်းငယ် ၁၄၆ကျောင်း ရှိပြီး ဗုဒ္ဓဆင်းတု
ုတော်များစံပယ်နေကြပါတယ်။ နံရံများမှာတော့ မြောက်ဦး အမျိုးသမီးများ ၀တ်စားဆင်ယင်ပုံ ၊ ဆံထုံး ထုံးပုံ ၊ တခြားလက်ရာမြောက်တဲ့ မြောက်ဦး ကျောက်ထု
ပန်းပုများကို တွေ့ရှိနိုင်ပါတယ်။
ရခိုင်ပြည်နယ်တွင် ဓည၀တီခေတ် ၊ ဝေသာလီခေတ် ၊ လေးမြို့ခေတ် ၊ မြောက်ဦးခေတ် ဆိုပြီး ခေတ် ကြီးလေးခေတ် ကို
မင်းပေါင်း၂၃၂ မင်းမှ နှစ်ပေါင်း ၅၀၈၄ နှစ် နန်းစိုက်ခဲ့ကြပါတယ်။ကြီးကြယ်ခမ်းနားတဲ့ နန်းတော်ကြီးများ ၊ ကျောက်လှေကားနှင့်ပြုလုပ်ထားတဲ့
သင်္ဘောဆိပ်ကြီး ရှိခဲ့ပါတယ်( ယခုအထိတိုင် အကျွင်းအကျန်များကို
မြင်တွေနိုင်ပါသေးတယ်) တစ်နှစ်အတွင်း နိုင်ငံခြား ပင်လယ်ကူးသင်္ဘောကြီးများ
ရာချီဆိုက်ကပ်ခဲ့ကြပါတယ်။
အာရပ် ၊ အန္ဒိယ ၊ ပေါ်တူကီ ၊ဒပ်ခ်ျ၊တရုပ်လူမျိုးများဝင်တွက်ကူးသန်းရောင်းဝယ်ခဲ့ကြတယ်။
အဲဒိအချိန်တုန်းကဘင်္ဂလားပင်လယ်အော်မှာကြီးစိုးနေတဲ့ ပေါ်တူဂီပင်လယ်ဒမြ ရေတပ်ကြီးကို အင်္ဂလိပ်ရေတပ် မခြေမှုန်းနိုင်ခဲ့ပေမဲ့ ရခိုင်ဘုရင် မင်းဗာကြီး က AD1535ခုနှစ်တွင်ရခိုင်ရေတပ်မတော်ကြီးမှအောင်မြင်စွာတိုက်ခိုက် နိုင်ခဲ့တယ်။ အောင်မြင်တဲ့အထိမ်းအမှတ် အနေနဲ့သျှစ်သောင်းပုထိုးတော်ကြီးကိုတယ်ခဲ့ပါတယ်။ရခိုင်ဘုရင်မင်းရဲ့
ရေတပ်မတော်ကြီးဟာသီရိလင်္ကာ နိုင်ငံ ဆီ သို့ချစ်ကြည်ရေး ထွက်ခဲ့ပါတယ်။ အဲဒိ
အချိန်တုန်းက ရခိုင်ဘုရင်များက သက်တော်စောင့် အဖြစ် ဂျပန် ဆာမူရိုင်း
ကြေးစား ဓါးသမားများကို
ငှါးရမ်းလေ့ရှိကြပါတယ်။ ယခုအခါမှာတော့ ရခိုင်ပြည်ကြီး ဟာ ရခိုင်ပြည်နယ် အဖြစ် ပြည်ထောင်စု သမတနိုင်ငံတော်အတွင်းမှာ ရပ်တည်နေပါတယ်။
ဒီပုံကို NIKON 70 CAMERA , KODAK 200 ASA FILM , NIKON 300 mm TELE ZOOM LENS ကိုအသုံးပြုပြီး သိမ်တော်ကြီးနဲ့
မျက်နှာချင်းဆိုင် တောင်ကုန်းပေါ်ကနေ 2002 January ကရိုက်ခဲ့ပါတယ်။
“ခရီးများများသွားပါ မသွားနိုင်ရင် စာများများ ဖတ်ပါ”
မောင်မောင်လတ်(ချစ်ညို)
ကိုးကား = ဧည့်လမ်းညွှန်နှင့်ဝန်ဆောင်မှု အတတ်ပညာ (တင်သန်းယု) ၊ ရခိုင်သုတပဒေသာ။
ထုက္ကန့်သိမ်တော်ကြီး ဟာ ရခိုင်ပြည်နယ် မြောက်ဦး မြို့မှာတည်ရှိပါတယ်။ ရခိုင်ဘုရင် မင်းဖလောင်း က AD 1571 မှာ ခရုပတ်ပုံတည်ခဲ့ပါတယ်။ သိမ်တော်ကြီးကို
တောင်ကမူပေါ်မှာတည်ထား လို့ တစ်ခုတည်းသောဝင်ပေါက် ဆီကို အုတ်လှေကား အရှည်ကြီးကနေ တက်ရပါတယ်။သိမ်တော်ကြီးမှာ တောင် မြောက် ၁၁၀ ပေ
အရှေ့ နောက် ၁၃၇ ပေရှည်ပါတယ်။ အလယ်စေတီမှာ ပုံမှာမြင်ရတဲ့အတိုင်း သပိတ်မှောက်ပေါ်မှာ ကုဗပုံဓါတ်တော်တိုက် ဆင့်ထားပါတယ်။ အလယ်စေတီကြီးရဲ့
အရပ်လေးမျက်နှာမှာ စေတီတစ်ဆူစီရံထားပါတယ်။ သိမ်ရဲ့အနောက်ဖက်မှာတော့ ဥပုဒ်ဆောင် ဆောက်ထားပြီး အဲဒီကမှတဆင့် သိမ်အမိုးပေါ်ကိုတက်လို့ရပါတယ်။
ပင်မသိမ် မှာခရုပတ် လို ရစ်ပြီးတက်ရတဲ့ လမ်းနှစ်ခုရှိပါတယ် ၊ အဲ့ဒိ ပတ်လမ်းနံရံ တလျှောက်မှာတော့ ဂူကျောင်းငယ် ၁၄၆ကျောင်း ရှိပြီး ဗုဒ္ဓဆင်းတု
ုတော်များစံပယ်နေကြပါတယ်။ နံရံများမှာတော့ မြောက်ဦး အမျိုးသမီးများ ၀တ်စားဆင်ယင်ပုံ ၊ ဆံထုံး ထုံးပုံ ၊ တခြားလက်ရာမြောက်တဲ့ မြောက်ဦး ကျောက်ထု
ပန်းပုများကို တွေ့ရှိနိုင်ပါတယ်။
ရခိုင်ပြည်နယ်တွင် ဓည၀တီခေတ် ၊ ဝေသာလီခေတ် ၊ လေးမြို့ခေတ် ၊ မြောက်ဦးခေတ် ဆိုပြီး ခေတ် ကြီးလေးခေတ် ကို
မင်းပေါင်း၂၃၂ မင်းမှ နှစ်ပေါင်း ၅၀၈၄ နှစ် နန်းစိုက်ခဲ့ကြပါတယ်။ကြီးကြယ်ခမ
အာရပ် ၊ အန္ဒိယ ၊ ပေါ်တူကီ ၊ဒပ်ခ်ျ၊တရုပ်လူမျိုးများဝင်တွက
အဲဒိအချိန်တုန်းကဘင်္ဂလားပင်လယ်အေ

← Prev