ဒီနေရာလေးမှာ
ပျော်ရွှင်စရာအပြည့်နဲ့ တို့ တွေကျင်လည်ကြီးပြင်းခဲ့ဖူး တယ်
ဘယ်လိုမှ မေ့မရတဲ့ အမှတ်တရတွေ တည်ဆောက်ခဲ့ဖူးတယ်
ကောင်းကင်အပေါ် မြေပြေင်အထက် အတူနင်းလျှောက်
နမ့်တိန်းချောင်းကြီးမှာ အတူရေသောက်ခဲ့ဖူးကြတယ်။
တခမ်းတနား မရှိပေမယ့်
တ၀မ်းတခါးတွက် အဝေးရောက်
တစ်နေ့နေ့ အရောက်ပြန်မယ်ဆိုတာကို
ပြက္ခဒိန်ထဲမှာ သေသေချာချာ
လက်ညှိုးထိုးပြလို့ မရမှန်းသိပေမယ့်
တကယ်ကို မျှော်လင့်နေမိကြတယ်...။
ထွက်ခွာရာမြို့ လေးနဲ့ အဝေး
ဝမ်းတွက် ၀ပေမယ့်
အလွမ်းတွေဝေ
အတိတ်တွေ သွေရတဲ့ဘဝ
ကိုယ့်ဖာသာ ထိုးစိုက်မိတဲ့ဆူး
လောကဓံကို အန်တုရင်း
ငါတို့ရင်ဘတ်တွေ နွမ်းကြွေကြရတယ်။
ခုတော့လည်း
စိတ်စေညွန်ရာကို မထိန်းနိုင်
ဒီ လို ပါ ပဲ လေ နဲ့  ညည်း တွား ရင်း
ငါတို့ အားလုံး ဆက်စပ်မှုမဲ့ 
ထွက်ခွာခဲ့ရာ မြို့ လေး
ခပ်ငေးငေး ဆွေးရင်း
ငါတို့ အိပ်မက်တွေ ပါးပါးသွားခဲ့ကြရတယ်။
တော်ရာမှာနေရင်း
မျှော်စရာဖြစ်ခဲ့ရတဲ့ မွေးရပ်မြို့ 
ခံစားချက်တွေနဲ့  စိတ်အဆာဖြေသိမ့်
ထိရှမှုတွေနဲ့ သတိရခြင်းတွေကြား
မနက်ဖြန်ဆိုတာ ငါတို့ တွေအတွက်
နေထွက်အုံးမှာပါ ..
မ နက် ဖြန် ဆို တာ ငါ တို့  တွေ အ တွက် နေ ထွက် အုံး မှာ ပါ ။
( လင်းခေးသူ )
ဓါတ်ပုံ - ဦးဇော်
ပျော်ရွှင်စရာအပြည့်နဲ့ တို့ တွေကျင်လည်ကြီးပြင်းခဲ့ဖူး
ဘယ်လိုမှ မေ့မရတဲ့ အမှတ်တရတွေ တည်ဆောက်ခဲ့ဖူးတယ်
ကောင်းကင်အပေါ် မြေပြေင်အထက် အတူနင်းလျှောက်
နမ့်တိန်းချောင်းကြီးမှာ အတူရေသောက်ခဲ့ဖူးကြတယ်။
တခမ်းတနား မရှိပေမယ့်
တ၀မ်းတခါးတွက် အဝေးရောက်
တစ်နေ့နေ့ အရောက်ပြန်မယ်ဆိုတာကို
ပြက္ခဒိန်ထဲမှာ သေသေချာချာ
လက်ညှိုးထိုးပြလို့ မရမှန်းသိပေမယ့်
တကယ်ကို မျှော်လင့်နေမိကြတယ်...။
ထွက်ခွာရာမြို့ လေးနဲ့ အဝေး
ဝမ်းတွက် ၀ပေမယ့်
အလွမ်းတွေဝေ
အတိတ်တွေ သွေရတဲ့ဘဝ
ကိုယ့်ဖာသာ ထိုးစိုက်မိတဲ့ဆူး
လောကဓံကို အန်တုရင်း
ငါတို့ရင်ဘတ်တွေ နွမ်းကြွေကြရတယ်။
ခုတော့လည်း
စိတ်စေညွန်ရာကို မထိန်းနိုင်
ဒီ လို ပါ ပဲ လေ နဲ့  ညည်း တွား ရင်း
ငါတို့ အားလုံး ဆက်စပ်မှုမဲ့ 
ထွက်ခွာခဲ့ရာ မြို့ လေး
ခပ်ငေးငေး ဆွေးရင်း
ငါတို့ အိပ်မက်တွေ ပါးပါးသွားခဲ့ကြရတယ်။
တော်ရာမှာနေရင်း
မျှော်စရာဖြစ်ခဲ့ရတဲ့ မွေးရပ်မြို့ 
ခံစားချက်တွေနဲ့  စိတ်အဆာဖြေသိမ့်
ထိရှမှုတွေနဲ့ သတိရခြင်းတွေကြား
မနက်ဖြန်ဆိုတာ ငါတို့ တွေအတွက်
နေထွက်အုံးမှာပါ ..
မ နက် ဖြန် ဆို တာ ငါ တို့  တွေ အ တွက် နေ ထွက် အုံး မှာ ပါ ။
( လင်းခေးသူ )
ဓါတ်ပုံ - ဦးဇော်


0 comments:
Post a Comment